close

မန္တလေးတွင် ဓာတ်ပုံသတင်းထောက်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်အချို့အပါအဝင် ၁၀ ဦးကျော် ဖမ်းဆီးခံရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအရှေ့ရပ်ကွက်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ ဒီနေ့ နေ့လယ် ဝင်ရောက်ဖမ်းဆီးရာ ဓာတ်ပုံသတင်းထောက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင် ၁၀ ဦးကျော်ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

အောင်နန်းရိပ်သာအရှေ့ရပ်ကွက်ထဲ ဝင်ရောက်ဖမ်းဆီးတာဖြစ်ပြီး ၈၂ လမ်း နဲ့ ၈၃ လမ်းကြား၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားရှိ အရန်မီးသတ်တပ်ဖွဲ့ရုံးမှာ ဝင်ရောက်ဖမ်းဆီးခဲ့ကာ အရန်မီးသတ် ၃ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် Myanmar Pressphoto Agency က ဓာတ်ပုံသတင်းထောက် ကိုမျိုးသီဟကျော်ကိုလည်း ဖမ်းဆီးသွားပြီး ရပ်ကွက်ထဲက လူတချို့လည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up