close

ကြာအင်းဆိပ်ကြီးမြို့နယ် အဇင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ရှိ အဇင်းကျေးရွာနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်များ စခန်းတွင်း မနေတော့ဘဲ စခန်းကို စွန့်ခွာသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

“ရဲစခန်းက မိသားစုဝင်တွေကတော့ မနက်ပိုင်းက ကျိုက်ဒုံဘက်ကို ပြောင်းကုန်ပြီ။ ရဲတွေကတော့ ညပိုင်းလောက်မှာ အကုန်ပြောင်းကြတာ။ ရဲစခန်းကိုတော့ သော့ခတ်ထားတာ တွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကျိုက်ဒုံမြို့နယ်က အဲဒီစခန်းမှာ ရဲအင်အား ၁၀ ဦးလောက်သာရှိနေတာပါ။

အဇင်ကျေးရွာဟာ ကေအန်ယူထိန်းချုပ်နယ်မြေ ဒူပလာယာခရိုင်အတွင်း ရှိနေပြီး နယ်ခြားစောင့်တပ်၊ DKBA နဲ့ အာဏာသိမ်းစစ်အုပ်စုတွေရဲ့ တပ်စခန်းတွေနဲ့ နီးတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up