close

စစ်တပ်အရာရှိ၊ စစ်သည်သားသမီးများကို မဖြစ်မနေ ကျောင်းတက်ရန် ညွှန်ကြား

အာဏာသိမ်းစစ်ကောင်စီက စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိစစ်သည်တွေရဲ့ သားသမီးတွေကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းတက်ကြဖို့ အတင်းအကျပ်ဖိအားပေးနေပါတယ်။ 

ဒီဗွီဘီသတင်းဌာနက လက်ခံရရှိခဲ့တဲ့ တပ်တွင်းညွှန်ကြားချက်တစ်ဆောင်မှာ အရာရှိစစ်သည်တွေအပြင် တပ်မတော်တပ်ရင်းတချို့မှာ အလုပ်လုပ်ကိုင်တဲ့ အရပ်သားဝန်ထမ်း မှီခိုသူတွေရဲ့သားသမီးတွေ တက်ရောက်ကြမယ့် ကျောင်းနဲ့ လက်ရှိအတန်းပညာကို စာရင်းပြုစုပေးပို့ရမယ်လို့ ပါရှိပါတယ်။ 

ကျောင်းအပ်နှံပြီးစီးတဲ့ အရာရှိစစ်သည်တွေအနေနဲ့ ကိုယ့်သားသမီးတွေရဲ့ ကျောင်းအပ်နှံပြေစာ မိတ္ထူတွေကို ပေးပို့တင်ပြရမယ်လို့လည်း ပါရှိပါတယ်။ 

ကျောင်းမအပ်တာတွေ များလာလို့ အမိန့်အာဏာသုံးပြီးစေခိုင်းတာလို့ CDM တပ်မတော်အရာရှိတစ်ယောက်က ဒီဗွီဘီကို ပြောဆိုပါတယ်။

တပ်ထဲမှာ အခုလို အာဏာသုံးပြီး လူ့အခွင့်အရေးချိုးဖောက်ခံနေရတာကို တချို့သော တပ်မတော်သားမိသားစုတွေအနေနဲ့ သိသိကြီးနဲ့ အခက်အခဲတွေကြောင့် ခံစားနေရတာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up