close

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ဆက်လက်ဆန္ဒပြ

မန္တလေးမြို့မှာ မေလ ၂၉ ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီအဆုံးသတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတို့အတွက် မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေး သံဃသမဂ္ဂ စစ်ကြောင်းမှာပါတဲ့ ဆရာတော် သံဃာတော်တွေဟာ ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခအပေါင်းက အမြန်လွတ်မြောက်စေဖို့ ပရိတ်ရွတ်မေတ္တာပို့ တာတွေ လုပ်ဆောင်ခဲ့ကြပါသေးတယ်။

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ မေလ ၂၈ ရက် မနေ့က စစ်ကောင်စီ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ရဲ့ ဖြိုခွင်းတာကို ခံခဲ့ရပြီး သံဃာတော် ၂ ပါးနဲ့ လူတချို့ ဖမ်းဆီးခံလိုက်ရပါတယ်။

သပိတ်စစ်ကြောင်းထွက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ကားနဲ့တိုက်ပြီး ဖြိုခွင်းတာဖြစ်ကာ ဖမ်းဆီးခံရတဲ့ သံဃာတော် နဲ့ လူပုဂ္ဂိုလ် တို့ ကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်းဟာ အတားအဆီးတွေ ဘယ်လိုရှိရှိ နေ့စဉ်မပြတ်ချီတက်နေတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up