အင်းတော်ကြီးဒေသရှိ နန့်မွန်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေ ဝင်တိုက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မေလ ၃၀ ရက် ဒီနေ့ မနက် ၂ နာရီဝန်းကျင်လောက်က နန့်မွန်းမြို့ ပြည်သူ့စစ်စခန်းနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ တောင်ထိပ်ကင်းစခန်းကို ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
၁ နာရီကျော် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကေအိုင်အေဘက်က အလစ်ဝင်တိုက်တာမို့ အကြမ်းဖက် စစ်ကောင်စီတပ်တွေ အကျအဆုံးများနိုင်တယ်လို့ နန့်မွန်းတောင်အနားမှာနေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ နန့်မွန်းတောင်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တလျှောက်လုံးတပ်စွဲထားတဲ့ နေရာဖြစ်ပြီး မိုးညှင်းနဲ့ နန့်မွန်းမြို့တခုလုံးကို အပေါ်စီးက မြင်နိုင်တဲ့ စစ်ရေးအရ အချက်အချာ၊ ဗျူဟာကျတဲ့နေရာတခု ဖြစ်ပါတယ်။