မုံရွာမြို့တွင် ဗုံး ၁ လုံးတွေ့

2
မုံရွာမြို့ ကျောက္ကာလမ်းနဲ့ ပေ ၈၀ လမ်းထောင့်နားမှာ မေ ၃၀ ရက် မနက် ၉ နာရီခွဲ ဝန်းကျင်လောက်မှာ မပေါက်ကွဲသေးတဲ့ ဗုံး တစ်လုံးတွေ့ရှိခဲ့ပါတယ်။
ဗုံးတွေ့ရှိရာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ ရောက်လာစစ်ဆေးနေပြီး နေရာအတော်များများကို လုံခြုံရေးချကာ ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ညကလည်း မုံရွာမြို့ သီတာလမ်းထဲက ဒလန်တစ်ယောက်အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။