တောင်တွင်းကြီးမြို့တွင် ဖမ်းဆီးခံရသူ ၁၂ ဦး ပြန်လည်လွတ်မြောက်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ ပြည်သူအများစု ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
မေ ၂၇ ရက်နေ့ညက ဓားစာခံဖြစ်ဖမ်းဆီးသွားတဲ့ ကိုပြည့်ဖြိုးပိုင်ရဲ့ မိခင် ဒေါ်စန်းသီတာနဲ့ မေ ၂၉ ရက်နေ့က ဖမ်းဆီးခံရသူ ၁၃ ဦး စုစုပေါင်း ၁၄ ဦး အနက်က ၁၂ ဦး ပြန်လည်လွတ်မြောက်လာတာလို့ သူတို့နဲ့နီးစပ်သူတွေဆီကသိရပါတယ်။
ကျန် ၂ ဦးကိုတော့ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းထားတာ ဒီနေ့ညနေအထိတော့ ပြန်လွတ်လာခြင်း မရှိသေးပါဘူး။
မေ ၂၇ ရက် နေ့ညက ဖမ်းဆီးခံရတဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အလယ်တန်း (ထခွဲ) ကျောင်းအုပ်ကြီး ဒေါ်နီနီညွန့်ကိုလည်း စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားပါတယ်။