close

DKBA ခွဲထွက်အဖွဲ့နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ခြမ်း ၁၂ မိုင်ခန့်အကွာ ဖလူးရွာအနီးမှာ DKBA ခွဲထွက် ဗိုလ်စောကျော်သက်အဖွဲ့နဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေ  ဇွန်လ ၁ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က  ၃၀ ထက်မနည်း သေဆုံးသွားခဲ့တယ်လို့ ဗိုလ်စောကျော်သက်က ဒီဗွီဘီကို ပြောပါတယ်။ 

စစ်ကောင်စီလက်အောက်ခံတပ်တွေက နယ်မြေကျော်လွန်လာတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာ ဖြစ်ပြီး BGF တပ်ဖွဲ့ဝင်တချို့ကလည်း DKBA ခွဲထွက်ဘက်ကနေ ပူးပေါင်းတိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့နဲ့ BGF တပ်ဖွဲ့တွေက နယ်မြေတိုးချဲ့ လုပ်ဆောင်လာတာကြောင့် ထပ်မံတိုက်ပွဲ ပြင်းထန်လာနိုင်တယ်လို့လည်း ဗိုလ်စောကျော်သက်က ပြောပါတယ်။ 

အဲဒီတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေရပြီး စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးသွားတဲ့သူတွေကို စစ်ကား ၃ စီးနဲ့ မြို့ဘက်ကို ပြန်သယ်သွားတယ်လို့ ဖလူးကျေးရွာ အရပ်ဘက်လူမှုရေးလုပ်ဆောင်နေတဲ့စောအခလိမ်းက ပြောပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ဖလူးကျေးရွာမှာ မေလ ၃၁ ရက်က စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁ ယောက် ဖမ်းဆီးခံရတာကြောင့် စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းမှုတွေ တိုးပြီးလုပ်ဆောင်လာချိန်မှာ အခုလို ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up