close

အကြမ်းဖက်စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၅၀ နီးပါးရှိလာ

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၄ လကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၈၄၇ ယောက်ထိ ရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သ တင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၅ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅၄၈၇ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄၆၄၂ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၅၈ ယောက်က ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအ တွက်ကတော့ ၁၉၃၁ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

      ဇွန် ၄ ရက်နေ့ ညအချိန်မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ပေါ်မှာ LGBT ယောက်ဖြစ်တဲ့ သော်သော်(ခ)သော်ဇင်နဲ့ သူငယ်ချင်း ၂ ယောက်တို့ဟာ ဆိုင်ကယ်စီးပြီး အိမ်ပြန်လာချိန် မြို့နယ်ပညာရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ တပ်တွေက ပစ်ခတ်ခဲ့တာကြောင့် သော်သော်(ခ)သော်ဇင်ဟာ လက်မောင်းနဲ့  နံကြားကို ကျည်ဆန် ၃ ချက်ထိမှန်ခဲ့ပြီး အချိန်မီ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ ဇွန် ၃ ရက်နေ့ ညအချိန်က အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်ကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ပေးခြင်း မရှိတဲ့အတွက် ပစ်ခတ်ခဲ့တာကြောင့် ကိုကုလားဆိုတဲ့ အမျိုးသားတစ်ယောက်လည်း ကျည် ထိမှန်ကျဆုံးသွားခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

ဒါ့အပြင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုခန့်ဇင်ကိုရဲ့ ဖခင်ကို နေအိမ်မှာ လာရောက် ဖမ်းဆီးချိန်မှာ မတွေ့တာကြောင့် သားဖြစ်သူ ကိုခန့်ဇင်ကိုကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up