close

ရွှေကူမြို့နယ်က သစ်မာတန်ချိန် ၅၀၀၀ အမြန်ထုတ်လုပ်ရောင်းချရန် စစ်အုပ်စုကကြိုးပမ်းနေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဒုတိယမြစ်ကျဉ်းအနီးက ‘ဝဲမ’သစ်ထုတ်ရေးစခန်းကနေ  သစ်မာတန် ၅၀၀၀ ထုတ်လုပ်ရောင်းချရေးစီမံချက် ပြန်စဖို့ အကြမ်းဖက်စစ်အုပ်စုက ကြိုးပမ်းနေတယ်လို  ဒေသခံတွေက ပြောပါတယ်။

ဒီအစီအစဉ်ကို အန်အယ်လ်ဒီ အစိုးရလက်ထက် မြန်မာ့သစ်ထုတ်ရေးရဲ့အစီအစဉ်နဲ့ ရောင်းချဖို့ လျာထားခဲ့ရာက အာဏာသိမ်းခါစမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အခု ဒီစီမံချက်ကို စစ်အုပ်စုက ပြန်အကောင်အထည်ဖော်နေတာကြောင့်  ကေအိုင်အေ အနေနဲ့ တားဆီးပေးစေလိုတယ်လို့ ဒေသခံတွေက တိုက်တွန်းပါတယ်။

“အရင်ပြည်သူ့အစိုးရလက်ထက်မှာ အဲဒီက ရလာမယ့်ငွေတွေကလည်း ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ နိုင်ငံတော်ဘဏ္ဍာထဲကို ရောက်မယ့်ကိစ္စဆိုတော့ ဘာမှပြောစရာမရှိခဲ့ဘူး။ စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာ အခုပြောတဲ့ သစ်မာတန်ချိန် ၅၀၀၀ ကို အမြန်ထုတ်ဖို့ ကြိုးစားနေကြတယ်။ အခုချိန်မှာ စစ်တပ်အတွက် ဝင်ငွေလမ်းကြောင်း ဖြစ်စေမယ့်ကိစ္စ မှန်သမျှကို တားဆီးနိုင်ဖို့ လိုတယ်ဗျ။ သူတို့အကျိုးစီးပွားအတွက် ပြည်သူကို ပစ်မယ့် ကျည်ဆန်ဖိုးတွေ လျှော့ချနိုင်အောင် ဝိုင်းဝန်းကြိုးစားကြရမယ့်အချိန်ပါ။ အခုသစ်ထုတ်မှာက ဝဲမ သစ်ထုတ်ရေးကွင်း ဆိုတော့ ကေအိုင်အေတပ်ဖွဲ့တွေ မကြာခဏရောက်နေတဲ့ နေရာဆိုတော့ အခုအစီအစဉ်ကို ကေအိုင်အေ အနေနဲ့ တားဆီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ သစ်မာတန်ချိန် ၅၀၀၀ အလျင်အမြန်ရောင်းချနိုင်ရေး သစ်ထုတ်ရေးကွင်းက တာဝန်ရှိသူတွေကို ဖိအားပေးပြီး ယခင်စာရင်းတွေ တောင်းနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up