close

မတရားစစ်အာဏာသိမ်း ၄ လကျော်အတွင်း ကျဆုံးပြည်သူ ၈၆၀ ဦး၊ ဖမ်းဆီးခံရသူ ၆,၀၀၀ နီးပါးရှိ

မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၄ လကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူပေါင်း ၈၆၀ ယောက်ထိ ရှိလာပြီ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၁၀ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၅,၉၆၅ ယောက် ဖမ်းဆီးခံခဲ့ရကာ လက်ရှိ  ၄,၈၀၄ ယောက်ကတော့ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁၇၃ ယောက် ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအ တွက်ကတော့ ၁၉၃၆ ယောက်ရှိနေပြီး သူတို့ထဲက ၃၁ ယောက်ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၅ ယောက်ကတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၇ နှစ်စီ မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ လက်ရှိမှာ ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။  

ဇွန် ၉ ရက်နေ့ ညပိုင်းမှာတော့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ အမရပူ ရ သပိတ်စစ်ကြောင်းမှာ ပါဝင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ ကျောင်းဆရာ ၁ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံ ထားရတဲ့ တနင်္သာရီတိုင်း၊ မြိတ်မြို့က ကဗျာဆရာ မောင်ယုပိုင်၊ ကဗျာဆရာ နရီ(မြိတ်) (ခေါ်)အထက်တန်းရှေ့နေ ဦးလွင်အောင်၊ တက်ကြွလှုပ်ရှားသူ ကိုတင်ကိုကိုဦးနဲ့ NLD မြို့နယ် အလုပ်အမှုဆောင် ဦးစိုးလင်းတို့ကို ဇွန်လ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ ထောင် ဒဏ် ၂ နှစ်စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေ စာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီး က ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး၊ အကြောင်းကြားဖို့ လည်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up