ပွဲကစားနေစဉ် လဲကျခဲ့သည့် ဒိန်းမတ်ကစားသမား အဲရစ်ဆင် ဘောလုံးလောကမှ အနားယူရဖွယ်ရှိ

ယူရို၂၀၂၀ ဘောလုံးပွဲ ဖင်လန်နဲ့ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပွဲကစားနေစဉ် လဲကျခဲ့တဲ့ ဒိန်းမတ် လက်ရွေးစင်ကစားသမား အဲရစ်ဆင်ဟာ လက်ရှိအချိန်မှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်နေပြီဖြစ်ပါတယ်။
ဒါပေမဲ့ နှလုံးရောဂါရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ မယ်ဆိုရင်တော့ ဘောလုံးပြန်ကစားဖို့မဖြစ်နိုင်တော့ဘူးလို့ အမျိုးသားကျန်းမာရေးဗဟိုဌာနက အကြံပေး ဆရာဝန် စကော့မာရေးက ပြောပါတယ်။
အီတလီနိုင်ငံမှာလည်း နှလုံးရောဂါရှိတဲ့ သူတွေကို စီးရီးအေမှာကစားခွင့်မပြုတာကြောင့် အင်တာမီလန်နဲ့လည်း စာချုပ်ဖျက်သိမ်းရဖွယ်ရှိနေတာပါ။
ဒီအခြေအနေတွေကြောင့် အဲရစ်ဆင်အနေနဲ့ ကစားသမားဘဝ အဆုံးသတ်သွားတဲ့အထိ ဖြစ်လာနိုင် တယ်လို့ ဒေါက်တာ စကော့မာရေးက သုံသပ်ခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင် လဲကျသွားခဲ့ပြီးနောက် ပွဲရပ်နားခဲ့ရပြီး နာရီပိုင်းအတွင်း ပွဲကိုပြန်ကစားခဲ့ရာမှာ ဒိန်းမတ်အသင်းဟာ ဖင်လန်ကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။