ဖိလစ်ပိုင် မူးယစ်စစ်ပွဲအတွင်း သေဆုံးမှုများ စုံစမ်းရန် ICC တောင်းဆို

ဖိလစ်ပိုင် မူးယစ်စစ်ပွဲအတွင်း သေဆုံးသူတွေနဲ့ပတ်သက်လို့ တရားဝင် စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) က တောင်းဆိုလိုက်ပါတယ်။
ဒါကြောင့် မူးယစ်စစ်ပွဲ ဓားစာခံရဲ့ မိခင်က သူ့သားအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒါဒူတေ ၂၀၁၆ မှာ အာဏာရလာအပြီး ရက်စက်တဲ့ မူးယစ်စစ်ပွဲအတွင်း သတ်ဖြတ်မှုတွေကို အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ (ICC) ဆွဲချရှေ့နေက တရားရုံးကို ဇွန်လ ၁၄ ရက်က လျှောက်ထားခဲ့တာပါ။
ဒါဟာ တရားမျှတမှုအတွက် အထင်ကရခြေလှမ်းအဖြစ် လူ့အခွင့်အရေးအုပ်စုတွေက ရည်ညွှန်း ကြိုဆိုခဲ့ကြပါတယ်။ ဖိလစ်ပိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်ခုခံတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ ၆၁၁၇ ယောက်ကို သတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အာဏာပိုင်တွေဟာ မူးယစ်ဆေးဆိုင်ရာ သံသယရှိသူတွေကို မစဉ်းမစားဘဲ လက်တန်း သုတ်သင်သတ်ဖြတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ပြောပါတယ်။
သမ္မတ ဒူဒါတေဟာ ICC အဖွဲ့ဝင်အဖြစ်ကနေ ၂၀၁၈ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းမှာမဟုတ်ဘူးလို့ သူ့ရဲ့ပြောခွင့်ရက ပြောပါတယ်။ ICC ရှေ့နေရဲ့ ရှာဖွေတွေ့ရှိချက်တွေကိုလည်း ပယ်ချလိုက်ပါတယ်။