မီးလောင်ဗုံးပါသည့် မိုးပျံပူဖောင်းများကြောင့် အစ္စရေးလယ်မြေများ မီးလောင်

မီးလောင်ဗုံးပါတဲ့ မိုးပျံပူဖောင်းတွေကို ဂါဇာကမ်းမြောင်ဘက်ကနေ ဇွန်လ ၁၅ ရက်က လွှတ်တင်ခဲ့လို့ ပါလက်စတိုင်းနဲ့ နယ်စပ်နားက အစ္စရေးလယ်မြေတွေ မီးလောင်ခဲ့တယ်လို့ အစ္စရေး မီးသတ်တပ်ဖွဲ့နဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
နေရာ ၁၃ နေရာထက်မနည်းက လယ်မြေတွေ မီးလောင်ခဲ့တယ်လို့ အစ္စရေး မီဒီယာက ပြောပါတယ်။ လယ်ထွန်စက်တွေနဲ့ မီးသတ်ကားတွေက မီးကို ကြိုးစားငြှိမ်းသတ်နေတဲ့ ရုပ်သံကို မျက်မြင်သက်သေတယောက်က ရိုက်ကူးခဲ့ပါတယ်။
အရှေ့ဂျေရုဆလင်မှာ အစ္စရေး လက်ယာစွန်းအုပ်စုတွေက အလံ ဝှေ့ယမ်း စီတန်းချီတက်ဖို့ စီစဉ်ထားတဲ့အချိန်မတိုင်ခင်လေးမှာ ခုလို မီးရှို့ခံရတာပါ။ ဒါဟာ ပါလက်စတိုင်းတွေနဲ့ အခြေအနေ တင်းမာမယ့် ပဋိပက္ခမီးတောက် ပြန်ထမယ့်ဘေးလည်းဖြစ်ပြီး အစ္စရေး အစိုးရသစ်အတွက် ကနဦးစမ်းသပ်ချက် ဖြစ်လာတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။