CDM ပညာရေးဝန်ထမ်းများအား ငွေကျပ် ၂၆၃ သိန်းထောက်ပံ့

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပညာရေးဝန်ကြီးဌာန CDM သူရဲကောင်းဝန်ထမ်းတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ CDM Supporting Team ကနေ ငွေကျပ် ၂၆၃ သိန်း ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဇွန် ၁၆ ရက်နေ့က လှူဒါန်းလိုက်တဲ့ CDM သူရဲကောင်းတွေထဲမှာတော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း ပညာရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတွေ၊ အရေးတကြီး လိုအပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေ အသီးသီး ပါဝင်နေပါတယ်။
ပါဝင်ကူညီလှူဒါန်းပေးကြတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်ပေးကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေကိုလည်း CRPH-CDM Supporting Team အနေနဲ့ ကျေးဇူးတင်ဂုဏ်ပြု ကြောင်း ဖော်ပြထားပါတယ်။