ဂျာမနီတွင် ကျူးကျော်များနှင့် ရဲတပ်ဖွဲ့ အဓိကရုဏ်းဖြစ်

ဂျာမနီနိုင်ငံ ဘာလင်မြို့က အဆောက်အအုံ တစ်ခုမှာ ကျူးကျော် နေထိုင်သူတွေနဲ့ ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း ရဲအရာရှိ အယောက် ၆၀ ဒဏ်ရာရတယ်လို့ ရဲတွေက ပြောပါတယ်။
အဆောက်အအုံအတွင်း မီးဘေးကာကွယ်ရေး စစ်ဆေးဖို့ ဘာလင်တရားရုံးက အရာရှိတွေကို ခွင့်ပြုမိန့် ပေးခဲ့တာပါ။ ဒါပေမဲ့ ရဲတွေက အဆောက်အအုံဝင်းကို ရှင်းဖို့ ကြိုးစားချိန်မှာ အဓိကရုဏ်း ဖြစ်ခဲ့ပါတယ်။
အဆောက်အအုံခေါင်မိုးပေါ်နဲ့ လမ်းထဲက လူအယောက် ၂၀၀ လောက်က ရဲတွေကို ကျောက်ခဲတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ ဘာလင်ရဲတွေက ပြောပါတယ်။
နေထိုင်သူတွေကို ထောက်ခံသူတွေကလည်း အရံအတားတွေ စိုက်ထောင် မီးရှို့ ထားကြပါတယ်။ စစ်ဆင်ရေးအတွက် ရဲ အယောက် ၂၀၀ လောက်ကို ခေါ်လာပြီး အရံအတားတွေနဲ့ ဆန္ဒပြပွဲ တွေကို ရှင်းဖို့ ရေအမြောက်တွေကို သုံးခဲ့ကြပါတယ်။
မီးသတ်ဌာနက စစ်ဆေးရေး ပြန်လုပ်ဖို့ ဇွန် ၁၇ ရက်မှာ ရဲအရာရှိ အယောက် ၂၀၀ လောက်ကို တာဝန်ချထားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။