ပီးရူးရွေးကောက်ပွဲ လက်ဝဲဝါဒီများ ခြယ်လှယ်ဟု သမ္မတလောင်းကိုယ်စားလှယ် ဖူဂျီမိုရီ စွပ်စွဲ

ပီရူးနိုင်ငံရဲ့ လက်ယာဝါဒီ သမ္မတလောင်းကိုယ်စားလှယ် ဖူဂျီမိုရီက သူ့ရဲ့ပြိုင်ဘက် လက်ဝဲဝါဒီတွေဟာ အကြိတ်အနယ် ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ခြယ်လှယ်နေ တယ်လို့ ဇွန် ၁၇ ရက်က စွပ်စွဲပြောဆိုလိုက်ပြီး ရွေးကောက်ပွဲမှာ ဆိုရှယ်လစ်ဝါဒီ ပက်ဒရိုကတ်စ်တယ်လီရို အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ပက်ဒရိုကတ်စ်တယ်လီရိုရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ပီရူးလစ်ဘရဲယ်မှ အဖွဲ့ဝင်တွေဟာ မသမာမှုတွေ၊ ခြယ်လှယ်မှုတွေကို စီစဉ်လုပ်ဆောင်တယ်ဆိုတဲ့ သိသာတဲ့ တိုင်ကြားမှုတွေ ရှိနေတာကြောင့် အမှန်တရားကို သိပိုင်ခွင့်ရှိပြီး အမျိုးသားရွေးကောက်ပွဲဆိုင်ရာ ဂျူရီအဖွဲ့ဝင်တွေကလည်း ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို တလေးတ စား သေချာသုံးသပ် စဉ်းစားထားတဲ့ ဆုံးဖြတ်ချက်ကို ချပေးရမယ်လို့ ဖူဂျီမိုရီက ပြောပါတယ်။
ကျောင်းဆရာဟောင်းဖြစ်ပြီး ပီရူးသမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံထားရတဲ့ ပက်ဒရိုဟာ ဇွန် ၁၅ ရက်မှာ ရွေးကောက်ပွဲအနိုင်ရတယ်လို့ ကြေညာခဲ့ပါသေးတယ်။ ပြိုင်ဘက် ဖူဂျီမိုရီကတော့ သူ ရှုံးနိမ့်ကြောင်း ဝန်မခံသေးပဲ သက်သေအထောက်အထား အနည်းငယ်ရှိထားတဲ့ မဲလိမ်မှုစွပ်စွဲချက်တွေကိုလည်း မဖြေရှင်းသေးပါဘူး။
ရွေးကောက်ပွဲကျင်းပရေးအဖွဲ့ကလည်း ရလဒ်ကို အတည်မပြုရသေးပါဘူး။ ရွေးကောက်ပွဲလေ့လာသူတွေကတော့ ဖြစ်စဉ်ဟာ ရိုးရှင်းတယ်လို့ ထင်မြင်ထားပေမဲ့ ဖူဂျီမိုရီကတော့ သူ့ပါတီ အစစ်ဆေးခံရခြင်းကနေ ပယ်ဖျက်ဖို့ အကြောင်းပြချက်တခုအနေနဲ့ မျှော်လင့်ထားတဲ့ပုံရတယ်လို့ ဆိုပါတယ်။
ပီရူးရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကတော့ အယူခံဝင်တာတွေ၊ ပယ်ဖျက်ဖို့ တောင်းဆိုတဲ့ကိစ္စတွေ ဖြေရှင်းပြီးသွားရင် ရလဒ်ကိုအတည်ပြုမှာဖြစ်တယ်လို့ ပြောကြား ထားပါတယ်။