close

ပီးရူးရွေးကောက်ပွဲ

close

December 13, 2022

ပီးရူးရွေးကောက်ပွဲ ၂ နှစ်စောကျင်းပရန် ဥပဒေကြမ်း တင်သွင်းမည်

ပီရူးနိုင်ငံက သမ္မတသစ် ဒီနာဘိုလူအာတာက လာမယ့် ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ ပုံမှန်ထက်  ၂နှစ် စောပြီး အထွေထွေရွေးကောက်ပွဲကို ရှေ့တိုးကျင်းပဖို့ လွှတ်တော်မှာ ဥပဒေကြမ်း တင်သွင်းသွားမယ်လို့ ဒီဇင်ဘာ ၁၂ ရက်က ပြောပါတယ်။ 

ပီရူးမှာ သမ္မတဟောင်း ပီဒရို ကတ်စတီလို ဖြုတ်ချခံရပြီးတဲ့နောက် ဆန္ဒပြပွဲတွေနဲ့အတူ နိုင်ငံတွင်းတင်းမာမှု မြင့်တက်နေတာပါ။ 

ပြီးခဲ့တဲ့အပတ်ကမှ ဒီနာဘိုလူအာတာဟာ ပီရူးနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ သမ္မတ ဟောင်း ကတ်စတီလိုကတော့ စွပ်စွဲပြစ်တင်မှုဆိုင်ရာ မဲခွဲဆုံးဖြတ်မှုကို တားဆီးဖို့ အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တာကြောင့် လွှတ်တော်က သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့တာပါ။

သမ္မတအသစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ  ရွေးကောက်ပွဲ အချိန်စောကျင်းပဖို့ ရည်ရွယ်တဲ့ ဒီဥပဒေကြမ်းကို လာမယ့်ရက်ပိုင်းအတွင်း လွှတ်တော်ကို တင်ပြသွားမယ်လို့ ပါရှိပါတယ်။

ကတ်စတီလို ရာထူးကနေ ဖယ်ရှားခံရပြီးနောက် အထွေထွေရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေအတွင်း ဆယ်ကျော်သက် ၂ ဦးနဲ့ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ကတ်စတီလိုရဲ့ သမ္မတသက်တမ်း ၂၀၂၆ ခုနှစ်ထိ ဒီနာဘိုလူအာတာ အာဏာဆက်ရှိနေမှာကို မလိုလားတဲ့ ကတ်စတီလိုအပေါ် ထောက်ခံသူ အများစုက ရွေးကောက်ပွဲအသစ်ကျင်းပဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး သမ္မတအသစ်ဘက်ကလည်း ရွေးကောက်ပွဲကို ၂နှစ်စောကျင်းပပေးဖို့ အခုလို ပြင်ဆင်လာခဲ့ပါတယ်။

4 mins Ago

June 18, 2021

ပီးရူးရွေးကောက်ပွဲ လက်ဝဲဝါဒီများ ခြယ်လှယ်ဟု သမ္မတလောင်းကိုယ်စားလှယ် ဖူဂျီမိုရီ စွပ်စွဲ

ပီရူးနိုင်ငံရဲ့ လက်ယာဝါဒီ သမ္မတလောင်းကိုယ်စားလှယ် ဖူဂျီမိုရီက သူ့ရဲ့ပြိုင်ဘက် လက်ဝဲဝါဒီတွေဟာ အကြိတ်အနယ် ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ခြယ်လှယ်နေ တယ်လို့ ဇွန်  ၁၇ ရက်က စွပ်စွဲပြောဆိုလိုက်ပြီး ရွေးကောက်ပွဲမှာ ဆိုရှယ်လစ်ဝါဒီ ပက်ဒရိုကတ်စ်တယ်လီရို အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 

ပက်ဒရိုကတ်စ်တယ်လီရိုရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ပီရူးလစ်ဘရဲယ်မှ အဖွဲ့ဝင်တွေဟာ မသမာမှုတွေ၊ ခြယ်လှယ်မှုတွေကို စီစဉ်လုပ်ဆောင်တယ်ဆိုတဲ့ သိသာတဲ့ တိုင်ကြားမှုတွေ ရှိနေတာကြောင့် အမှန်တရားကို သိပိုင်ခွင့်ရှိပြီး အမျိုးသားရွေးကောက်ပွဲဆိုင်ရာ ဂျူရီအဖွဲ့ဝင်တွေကလည်း ရွေးကောက်ပွဲဆိုင်ရာ တရားမျှတမှုအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို တလေးတ စား သေချာသုံးသပ် စဉ်းစားထားတဲ့ ဆုံးဖြတ်ချက်ကို ချပေးရမယ်လို့ ဖူဂျီမိုရီက ပြောပါတယ်။ 

ကျောင်းဆရာဟောင်းဖြစ်ပြီး ပီရူးသမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံထားရတဲ့ ပက်ဒရိုဟာ  ဇွန် ၁၅ ရက်မှာ ရွေးကောက်ပွဲအနိုင်ရတယ်လို့ ကြေညာခဲ့ပါသေးတယ်။  ပြိုင်ဘက် ဖူဂျီမိုရီကတော့ သူ ရှုံးနိမ့်ကြောင်း ဝန်မခံသေးပဲ သက်သေအထောက်အထား အနည်းငယ်ရှိထားတဲ့ မဲလိမ်မှုစွပ်စွဲချက်တွေကိုလည်း မဖြေရှင်းသေးပါဘူး။

ရွေးကောက်ပွဲကျင်းပရေးအဖွဲ့ကလည်း ရလဒ်ကို အတည်မပြုရသေးပါဘူး။ ရွေးကောက်ပွဲလေ့လာသူတွေကတော့ ဖြစ်စဉ်ဟာ ရိုးရှင်းတယ်လို့ ထင်မြင်ထားပေမဲ့ ဖူဂျီမိုရီကတော့ သူ့ပါတီ အစစ်ဆေးခံရခြင်းကနေ ပယ်ဖျက်ဖို့ အကြောင်းပြချက်တခုအနေနဲ့ မျှော်လင့်ထားတဲ့ပုံရတယ်လို့ ဆိုပါတယ်။ 

ပီရူးရွေးကောက်ပွဲဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကတော့ အယူခံဝင်တာတွေ၊ ပယ်ဖျက်ဖို့ တောင်းဆိုတဲ့ကိစ္စတွေ ဖြေရှင်းပြီးသွားရင် ရလဒ်ကိုအတည်ပြုမှာဖြစ်တယ်လို့ ပြောကြား ထားပါတယ်။ 

1 year Ago
Up