တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး ၃ သန်း ထပ်မံရောက်ရှိမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

ထိုင်းနိုင်ငံကို အခုလအတွင်း တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်း ထပ် မံပြီးတော့ ရောက်ရှိလာမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်းအိုချာက ပြောပါတယ်။
ဇွန် ၁၈ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေစီမံ ခန့်ခွဲရေးဗဟို (စီစီ အက်စ်အေ)အစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက ပြောလိုက်တာပါ။
Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းနဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ် ဆေး ၁ သန်း ထပ်မံရောက်ရှိလာမှာဖြစ်ကာ တရုတ်သံရုံးတာဝန်ခံ ယန်ရှင်းနဲ့ အတည် ပြုချက်ရယူပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁,၅၀၀ ကျော်ရှိပါတယ်။