တရုတ်အချုပ်အခြာအဖြစ် ကြေညာသည့်အပေါ် ဟောင်ကောင်ကို ထိုင်ဝမ်က ပြစ်တင်

ထိုင်ဝမ်ကျွန်းကို တရုတ်အချုပ်အခြာအဖြစ် အခိုင်အမာ ကြေညာကြောင်း ထောက်ခံတဲ့စာကို လက်မှတ်ထိုးခိုင်းခဲ့တာနဲ့ပတ်သက်ပြီး ထိုင်ဝမ်အစိုးရက ဟောင်ကောင်ကို ဇွန် ၂၁ ရက်မှာ ပြစ်တင် ဝေဖန်လိုက်ပါတယ်။
ဟောင်ကောင်မှာရှိတဲ့ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးက အရာရှိတွေကို ပြန်ခေါ်ထုတ်ရတဲ့အထိ ဖြစ်ခဲ့တာပါ။
ထိုင်ဝမ်ကို တရုတ်က ပိုင်တယ်ဆိုတဲ့ အခိုင်အမာ ကြေညာချက်ကို ထောက်ခံတဲ့ စာရွက်စာတမ်းမှာ သူ့အရာရှိတွေ လက်မှတ်ထိုးပေးဖို့ ဟောင်ကောင်အစိုးရက တောင်းဆိုခဲ့ပါတယ်။
အဲဒီနောက် ဟောင်ကောင်မှာရှိတဲ့ ထိုင်ဝမ် ကိုယ်စားလှယ်ရုံးက ထိုင်ဝမ် ဝန်ထမ်းတွေဟာ ဇွန် ၂၀ ရက်ကစပြီး ဟောင်ကောင်ကနေ ထွက်လာခဲ့ကြပါတယ်။
ထိုင်ဝမ်ရဲ့ တရုတ်ပြည်မကြီးရေးရာကောင်စီ အကြီးအကဲက “ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရည်မှန်းချက်က တရုတ် တနိုင်ငံတည်းမူဝါဒ ကတိစာကနေတဆင့် နိုင်ငံရေးအခက်အခဲတွေကို အကွက်ဆင်ဖို့ ဖြစ်တယ်။ ဒီစာဟာ ကျနော်တို့ရဲ့ အမျိုးသားဂုဏ်သိက္ခာကို မှေးမှိန်စေဖို့နဲ့ ကျနော်တို့ရဲ့ ဝန်ထမ်းတွေကို ပေကျင်း အာဏာပိုင်တွေဆီ ဦးညွှတ်ခိုင်းဖို့ပဲ”လို့ သတင်းထောက်တွေကို ပြောပါတယ်။