မွေးရပ်မြေ၌ ဆေးရုံတည်ဆောက်ရန် မာနေးက ပေါင် ၄ သိန်းခွဲ မတည်လှူဒါန်း

လီဗာပူး တိုက်စစ်မှူး မာနေးဟာ သူ့ရဲ့မွေးရပ်မြေ ဆီနီဂေါမှာ ဆေးရုံတည်ဆောက်ရေးအတွက် ပေါင် ၄ သိန်းခွဲ မတည် လှူဒါန်းလိုက်ပါတယ်။
မာနေးဟာ သူ့ရဲ့ဇာတိရွာဖြစ်တဲ့ ဘမ်ဘာလီမှာ ဆေးရုံတည်ဆောက်ဖို့ လှူဒါန်းခဲ့တာဖြစ်ပြီး ကျေးရွာပေါင်း ၃၄ ရွာက လူတွေ လာရောက်ဆေးကုသနိုင်မယ်လို့ သိရပါတယ်။
အဲဒီဆေးရုံတည်ဆောက်ရေးစီမံကိန်းအတွက် ဆီနီဂေါသမ္မတ မက်ကီဆဲလ်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဆေးရုံတည်ဆောက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
မာနေးဟာ သူ့ရဲ့ဇာတိရွာမှာ အထက်တန်းကျောင်းတစ်ခုကိုလည်း လှူဒါန်းပေးခဲ့ပြီး တခြား ပရဟိတလုပ်ငန်းတွေမှာလည်း ဦးဆောင်လှူဒါန်းနေသူ ဖြစ်ပါတယ်။
ဆီနီဂေါလက်ရွေးစင် ဆာဒီယိုမာနေးကို ကြာသပတေးနေ့က လက်ခံတွေ့ဆုံခဲ့တယ်လို့လည်း ဆီနီဂေါသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မာနေးဟာ ဆေးရုံတည်ဆောက်ပြီးရင်လည်း စာတိုက်နဲ့ ဆီဆိုင်တွေ တည်ဆောက်ပေးမယ့် အစီအစဉ်လည်း ရှိတယ်လို့ သိရပါတယ်။