close

မန္တလေးတွင် ကျပ် ၁၈၆ ဘီလီလံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင်အားကစားကွင်းမှာ ဇွန်လ ၂၆ ရက်နေ့က  (၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှု၊ တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျပ် ၁၈၆ ဘီလီလံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖျက်ဆီးခဲ့ပါတယ်။

မီးရှို့ဖျက်ဆီးရာမှာ မူးယစ်ဆေးဝါး အမျိုးအစားပေါင်း(၃၆)မျိုး ပါဝင်ပြီး စုစုပေါင်းတန်ဖိုး ကျပ်သန်း ၁၈၆၀၃၇. ၇၀၆၉ သန်း၊ (၁၈၆.၀၃၇၇ ဘီလီယံ) ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုသိမ်းမြို့နယ် အေးရိပ်ငြိမ်မှာ အက်စီတုန်း၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ်၊ ဆာလဖြူရစ်အက်ဆစ်၊ အမိုနီယမ်နိုက်ထရိတ်၊ တော်လူအင်း အက်ဆစ်၊ ဆိုဒီယမ်ဆာရာနိုက်၊ အီသာရည် စတဲ့ ဓါတုပစ္စည်းအရည်(၇)မျိုးကိုလည်း ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးတာကို ရန်ကုန် ၊ မန္တလေး နဲ့တောင်ကြီး မြို့တို့မှာ ဇွန်လ ၂၆ ရက်နေ့ က တစ်ပြိုင်နက်တည်းလုပ်ခဲ့ပါတယ် ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up