close

မန္တလေးအဝင် စစ်ဆေးရေးတင်းကျပ်၊ ရတနာပုံတံတားပေါ်ကားများ ပြည့်ကျပ်နေ

စစ်ကိုင်းမြို့ကနေ မန္တလေးမြို့ အဝင်ပေါက်မှာ ဇွန်လ ၂၄ ရက်နေ့က ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်တပ်က တင်းကျပ်စစ်ဆေးနေတဲ့အတွက် စစ်ကိုင်းတံတား (ရတနာပုံတံတား) ပေါ် မှာ ကားတွေ ပြည့်ကျပ်နေပါတယ်။

ဒီလို တံတားပေါ်မှာ ကားတွေပြည့်နေတဲ့အတွက်လည်း စစ်ကိုင်းမြို့ ဘက်ကနေ သွားမယ့် ကားတွေကို ခဏ ပိတ်လိုက်ရတယ်လို့  စစ်ကိုင်းမြို့ခံ တစ်ဦး က ပြောပါတယ်။

“မန္တလေးအဝင် နှာပေါက်မှာ လက်နက်ကိုင်တွေနဲ့ ကားတွေကို စစ်နေတော့ ပိတ်နေတာ။ အရင် ၃ မိနစ် လောက်နဲ့ဖြတ်ရတဲ့ဟာ အခု ၄၅ မိနစ်လောက်ဖြတ်ရတယ်။ ကားတိုင်းစစ်တာတော့ မဟုတ်ဘူး။ သူတို့ မသင်္ကာတဲ့ ကားဆို အကုန်စစ်တာ။” လို့ စစ်ကိုင်းတံတားပေါ်က ဖြတ်လာသူ တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့ဘက်ခြမ်းမှာလည်း ကိုးပေ တံတားအထိ ကားတွေ စီတန်းနေရပြီး ယာဉ်ကြောတွေ ပိတ်ဆို့နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ ဇွန်လ ၂၂ ရက်က ဖြစ်ခဲ့တဲ့  စစ်တပ်နဲ့PDF တို့ အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ  လုံခြုံရေးစစ်ဆေးတာတွေကို ပိုမိုတင်းကျပ်လုပ်ဆောင်လာတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up