ရုရှားလေတပ်နှင့် ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်

ရုရှားလေတပ်နဲ့ ရေတပ်တို့ဟာ မြေထဲပင်လယ်ထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်နေပြီး လေကြောင်းတိုက်ခိုက်မှု ဟန့်တားရေး သင်တန်းပေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရုရှား ဂျက်လေယာဉ်တွေက စစ်သင်္ဘောတွေပေါ်ကနေ ဖြတ်ပျံနေတဲ့ ရုပ်သံကိုလည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်ရာမှာ သင်္ဘော ငါးစီးနဲ့ ရေငုပ်သင်္ဘော ၂ စီး ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားအစိုးရက ဆီးရီးယား ကမ်းရိုးတန်းမှာ လေတပ်အခြေစိုက်စခန်းကို လည်ပတ်လုပ်ဆောင်နေချိန်မှာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မြေထဲပင်လယ် အရှေ့ပိုင်းမှာ ပူးတွဲရေတပ် လေတပ် စစ်ရေးလေ့ကျင့်မှုကို သောကြာနေ့က စတင်ခဲ့တာပါ။