close

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းအပါအဝင် ၃ ဦး ပြန်လွတ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်က အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြမှုကြောင့် နိုင်ငံတော်အကြည်ငြိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ ငြိမ်းစုစီပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရသူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တောင်ကုတ်မြို့နယ် ဗဟိုတွဲ ဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်းအပါအဝင် ၃ ဦး ပြန်လည်လွတ်မြောက်လာပါတယ်။

ဦးကျော်ကျော်လင်းအပါအဝင် ၃ ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ကို ပယ်ဖျက်ကာ ဇွန် ၃၀ ရက်မှာ  ပြန်လည်လွှတ်ပေးလိုက်ပေမယ့် ငြိမ်းစုစီ ပုဒ်မ-၁၉နဲ့ ထပ်မံအမှု ရင်ဆိုင်ရမယ်လို့ အခမဲ့အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ဦးခင်မောင်ဌေးက  ပြောပါတယ်။

“ဦးကျော်ကျော်လင်းပါ ၃ ဦးကို ပုဒ်မ ၅၀၅-က ကို နိုင်ငံတော် ပယ်ဖျက်လိုက်တော့ လွတ်မြောက်သွားခဲ့တာပေါ့။ ဒီဦးကျော်ကျော်လင်းပါ ၃ ဦးကို စွဲထားတာကတော့ ၁ မှုတည်း မဟုတ်ပါဘူး၊ အမှုက ၂ မှု၊ ငြိမ်းစုစီ ပုဒ်မ ၁၉ လည်းပါသေးတယ်။ ပုဒ်မ ၅၀၅-က ကပြန်လွတ်တော့ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အာမခံယူရတယ်၊ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ထပ်ပြီးတရားရင်ဆိုင်ရမှာပါ။”

တောင်ကုတ်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးတရားစွဲ ဆိုထားသူ ၇ ဦးထိရှိကာ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီးနောက် NLD ပါတီဝင် ၁ ဦးဖြစ်တဲ့ တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်ပါ ၄ ဦးကိုတော့ ငြိမ်းစုစီ နဲ့ ဘေးစီမံပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရပြီး ပြန်လည်လွတ်မြောက်ထဲမှာတော့ မပါဝင်ဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up