close

ဆန်ချိုကို ပေါင် ၇၃ သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်းသဘောတူညီမူရရှိ

မန်ယူနိုက်တက်အသင်းဟာ ဒေါ့မွန်တောင်ပံ တိုက်စစ်ကစားသမား ဆန်ချိုကို ပေါင် ၇၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမူရရှိခဲ့တယ်လို့ သိရပါတယ်။ 

မနှစ်ကကတည်းကခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ မန်ယူအသင်းဟာ သုံးကြိမ်မြောက် ကမ်းလှမ်းချက်လုပ်ပြီးမှ သဘောတူညီမူရယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲဝင်နေတဲ့ ဆန်ချိုဟာ ပြိုင်ပွဲအပြီးမှာ ယူနိုက်တက်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။ 

မန်စီးတီးကစားသမားဟောင်း ဆန်ချိုဟာ ၂၀၁၇ ခုနှစ်က ဒေါ့မွန် အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ၄ နှစ်တာကာလအတွင်းမှာ ၁၃၇ ပွဲ ကစားခဲ့ပြီး သွင်းဂိုး ၅၀၊ ဖန်တီးမူ ၆၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆန်ချိုကို ရောင်းချမူရဲ့ ၁၅ ရာခိုင်နှုန်း ခံစားခွင့်ရှိတဲ့ မန်စီးတီးအသင်းဟာ အပြောင်းအရွှေ့ကနေ ပေါင် ၁၀ သန်းလောက် ရရှိနိုင်မယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up