အနောက်အာဖရိကခွဲထွက်အဖွဲ့နှင့် အိုင်အက်စ်အုပ်စု မဟာမိတ်ပြုနေသည့်ရုပ်သံ ထွက်ပေါ်

နိုင်ဂျီးရီးယားနိုင်ငံက ဘိုကိုဟာရမ် အစ္စလာမစ်အုပ်စုရဲ့ တိုက်ခိုက်ရေးသမားတွေဟာ ပြိုင်ဘက် အိုင်အက်စ်စစ်သွေးကြွအုပ်စုရဲ့ အနောက်အာဖရိကအဖွဲ့ခွဲ (ISWAP) နဲ့ မဟာမိတ် ပြုနေတဲ့ ရုပ်သံတစ်ခုကို ထုတ်လွှင့်ခဲ့တယ်လို့ ဇူလိုင် ၁ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အိုင်အက်စ်တွေက တရားဝင်မီဒီယာကနေ ရိုက်ကူးခဲ့တဲ့ ဒီရုပ်သံထဲမှာ လက်နက်ကိုင် အများအပြားပါတဲ့ အမျိုးသား ရာပေါင်းများစွာ စုဝေးနေတာကို တွေ့ရပါတယ်။
ဒါကြောင့် အရင်လက ဘိုကိုဟာရမ်ခေါင်းဆောင် အဘူဘာခါရှီခေါင် သေဆုံးအပြီး နိုင်ဂျီးရီးယားရဲ့ အရှေ့မြောက်ပိုင်းက သူပုန်တွေကို အိုင်အက်စ်က ပိုပြီး ကျစ်ကျစ်လစ်လစ် ထိန်းချုပ်သွားမှာကို စိုးရိမ်နေကြပါတယ်။
ဒီအုပ်စုတွေဟာ နှစ်ချီပြီး အကြမ်းဖက် ပြိုင်ဆိုင်နေခဲ့ကြရာက တကယ်လို့များ အိုင်အက်စ်တွေက ဘိုကိုဟာရမ် တိုက်ခိုက်ရေးသမားတွေကို သိမ်းသွင်းပြီးရင် သူတို့ တိုက်စရာ အနေနဲ့ နိုင်ဂျီးရီးယားအစိုးရ စစ်တပ်ကို အာရုံစိုက် လာနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၁၂ နှစ်ကြာ လက်နက်ကိုင်ပဋိပက္ခကြောင့် လူအယောက် ၃ သိန်းခွဲ သေဆုံးခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းတွေ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်ခံစားနေ ရတယ်လို့ ကုလသမဂ္ဂက ဒီသီတင်းပတ်ထဲမှာ ပြောပါတယ်။