ယူကရိန်းတောင်ပိုင်းတွင် အမေရိကန်နှင့်ယူကရိန်း လေတပ်စစ်ရေးလေ့ကျင့်

ယူကရိန်းနဲ့ အမေရိကန်တို့ဟာ ယူကရိန်းနိုင်ငံတောင်ပိုင်းက မီကိုလာယစ်ဗ်ဒေသမှာ Sea Breeze 2021 လို့ ခေါ်တဲ့ လေတပ်စစ်ရေးလေ့ကျင့်ပွဲကို ဇွန် ၃၀ ရက်က ဆင်နွှဲခဲ့ပါတယ်။
သီတင်းပတ် ၂ ပတ်ကြာမယ့် စစ်ရေးလေ့ကျင့်မှုမှာ မြောက်အတ္တလန္တိတ် စစ်ရေး မဟာမိတ်အဖွဲ့ နေတိုးနဲ့ တခြား မဟာမိတ် နိုင်ငံတွေက စစ်သည်အင်အား ငါးထောင် လောက်နဲ့အတူ စစ်သင်္ဘော အစီး၃၀နဲ့ စစ်လေယာဉ် အစီး ၄၀ တို့ ပါဝင် လေ့ကျင့်မယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
MI-14 နဲ့ MI-8 ရဟတ်ယာဉ်တွေ၊ SU-25 and SU-27 တိုက် လေယာဉ်တွေ ပါဝင်မယ့် ဒီစစ်ရေး လေ့ကျင့်မှုမှာ လေထီးခုန် စွမ်းရည် လေ့ကျင့်တာလည်း ပါပါတယ်။
နိုင်ငံပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးတွေ အတွင်း ပူးပေါင်း ဆောင်ရွက်တဲ့ အတွေ့အကြုံကို ရဖို့က အဓိက ပန်းတိုင်ပဲလို့ ယူကရိန်းက ပြောပါတယ်။
အရင်အပတ်က ဗြိတိန်စစ်သင်္ဘောကို ခရိုင်းမီးယားကမ်းရိုးတန်း ကမ်းလွန်က ပင်လယ်နက်ထဲမှာ ရုရှားက သတိပေး ပစ်ခတ်ပြီး ဗုံးတွေ ကြဲချခဲ့လို့ နေတိုးနဲ့ ရုရှအစိုးရကြား တင်းမာမှု တိုးလာချိန်မှာ ဒီလို စစ်ရေး လေ့ကျင့်တာပါ။
ရုရှားဟာ ခရိုင်းမီးယားဒေသကို ၂၀၁၄ မှာ ကျူးကျော် သိမ်းပိုက်ခဲ့ပြီး ရုရှားပိုင်နက်လို့ ပြောထားပါတယ်။
ဒါပေမယ့် နိုင်ငံတကာကတော့ ခရိုင်းမီးယား ကျွန်းဆွယ်ဟာ ယူကရိန်းနိုင်ငံရဲ့ ပိုင်နက် အဖြစ် အသိအမှတ်ပြု ထားပါတယ်။