ထိုင်းတွင် ကိုဗစ်-၁၉ ကြောင့် သမီးဖြစ်သူ သေဆုံးပြီးနောက် ဖခင်တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသွားခဲ့တဲ့ အသက် ၅၇ နှစ် အရွယ် အမျိုးသမီး သေဆုံးသွားပြီးနောက် သူ့ရဲ့ ဖခင်ဖြစ်သူကပါ တိုက်ပေါ်က ခုန်ချပြီး သေကြောင်းကြံသွားခဲ့တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့၊ ရက်ချသဝီနယ်မြေမှာ ဖြစ်ခဲ့တာဖြစ်ပြီး သတင်းပေးချက်အရ ရဲတွေရောက်ရှိလာချိန်မှာ အသက် ၈၇ နှစ်အရွယ် အဖိုးအိုရဲ့ အလောင်းကို ဒီကနေ့ မနက်အစောပိုင်း ၅ နာရီလောက်က တွေ့ရှိခဲ့ကြရတယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်တွေအရ အဆောက်အအုံတွင်းမှာ သူ့ရဲ့ သမီးဖြစ်သူပါ သေဆုံးနေခဲ့တာကို တွေ့ခဲ့ရပြီး သူဟာ တခြားနာတာရှည်ရောဂါအခြေအနေတွေကြောင့် အိပ်ရာထဲ လဲနေခဲ့ရကြောင်း သိရှိရပါတယ်။
လတ်တလောမှာတော့ ကနဦးစစ်ဆေးချက်တွေအရ သေဆုံးသူအမျိုးသားဟာ တရုတ်လူမျိုးဖြစ်ကာ သမီးဖြစ်သူ သေဆုံးမှုကြောင့် စိတ်ထိခိုက်ပြီး သေကြောင်းကြံစည် မှုဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာတော့ လက် ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၂၇၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၀၀၀ ကျော်ထိ ရှိနေပါတယ်။