close

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသည့် သတင်းသမား ၃၉ ဦး၊ ထောင်ဒဏ်ချမှတ်ခံရသူ ၆ ဦးရှိဟု NUG ထုတ်ပြန်

       မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလ ၅ လကျော်အတွင်း  လက်ရှိအချိန်ထိ ဖမ်းဆီး ခံထားရတဲ့ သတင်းသမား ၃၉ ယောက်နဲ့ ထောင်ဒဏ်ချမှတ်ခံရသူ ၆ ယောက်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ် ပြန်ထားပါတယ်။

ဒီစာရင်းဟာ ဇူလိုင် ၃ ရက်နေ့အထိ ရရှိထားတဲ့ နောက်ဆုံးရ အချက်အလက်တွေ ဖြစ်ပြီး ဖမ်းဆီးခံထားရဆဲ သတင်းသမားတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက ၁၀ ယောက်နဲ့ အများဆုံးပါဝင်နေပါတယ်။

ကချင်ပြည်နယ်က ၈ ယောက်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်က ၄ ယောက်စီ၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက ၃ ယောက်စီ၊ မန္တလေးတိုင်း(နေပြည်တော်အပါအဝင်)၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးက ၂ ယောက်စီ၊ မွန်ပြည်နယ်က ၁ ယောက် ပါဝင်နေတာ ဖြစ်ပါတယ်။

ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမား ၆ ယောက်ထဲမှာတော့ ပုဒ်မ ၅၀၅(က) နဲ့ အမျိုးသား ၅ ယောက်နဲ့ ပုဒ်မ ၁၈၈ နဲ့ အမျိုးသမီး ၁ ယောက် ပါဝင်တယ်လို့ ဆိုပါ တယ်။

ဒဏ်ရာရရှိသူတွေထဲမှာတော့ သေနတ်နဲ့ ပစ်ခံရသူ ၁ ယောက်၊ ရာဘာကျည်နဲ့ ပစ်ခံရသူ ၁ ယောက်နဲ့ အရိုက်ခံရသူ ၁ ယောက် ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်က လွတ်မြောက်လာသူ ၁၄ ယောက်အပါအဝင် လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းသမား ၄၉ ယောက်ရှိနေပြီး အဲဒီထဲက ၆ ယောက်ကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

ဒါ့အပြင် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ သတင်းသမားဦးရေ ၂၆ ယောက်ထိ ရှိနေပြီး လိုင်စင်အသိမ်းခံရတဲ့ သတင်းမီဒီယာ ၈ ခုထိ ရှိခဲ့ကာ ဒီဗွီဘီသတင်းဌာန အပါအဝင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ခဲ့တဲ့ မတရားအာဏာသိမ်းကာလအတွင်း စစ် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၅ လ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖစ်စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကလေးငယ်တွေ ကျောင်းသားလူငယ်တွေအပါအဝင် အပြစ်မဲ့ ကျဆုံးပြည်သူပေါင်း ၈၉၀ ထိ ရှိ လာခဲ့ပြီ ဖြစ်ပါတယ်။

ကယား၊ ကရင်၊ ချင်းစတဲ့ ဒေသတွေမှာ ဒေသခံတိုင်းရင်းသား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်အုပ်စုကြား တိုက်ပွဲတွေကြောင့် ကျဆုံးရတာတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေနဲ့ အခြေအနေတွေဟာလည်း တင်းမာနေဆဲဖြစ်ကာ မြို့ပြ တိုက်ပွဲတွေ၊ ဆန္ဒပြပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ ရှိနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up