close

လွိုင်ကော်တွင် ကိုဗစ် -၁၉ အတည်ပြုလူနာ ၂ ဦးထပ်တွေ့

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ်  နှစ်ယောက် ထပ်မံတွေ့ရှိတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းဆီက သိရပါတယ်။

အတည်ပြုလူနာသစ်တွေကတော့  လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်က အမျိုးသား တစ်ယောက်နဲ့ ဒေါတမရပ်ကွက် ပေါက်ပင်ကျောင်းနားက အမျိုးသား တစ်ယောက်တို့ဖြစ်ပါတယ်။

အဆိုပါ အမျိုးသား နှစ်ယောက်ဟာ ဖျားနာတာ၊ အနံ့မရတာကြောင့်  မေလ ၄ ရက်နေ့က လွိုင်ကော် ဆေးရုံကြီးမှာ သွားရောက်စစ်ဆေးရာမှာ  ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီနောက် နေပြည်တော်သို့ အတူတူသွားပြန်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့က လွိုင်ကော်သို့ ပြန်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ပိုးတွေ့လူနာနဲ့ ထိတွေ့သူ မင်္ဂလာရပ်ကွက်က  အမျိုးသား  ၁ ယောက်နဲ့ အမျိုးသမီး ၅ ယောက်၊ ဒေတမရပ်ကွက်က အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက် စုစုပေါင်း ၁၂ ယောက် တို့ကို သူနာပြုသင်တန်းကျောင်း ကွာရန်တင်းစင်တာကို ပို့ဆောင်ခဲ့ကြောင်း ရွှေလွိုင်ကော် ပရဟိတရဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ဇွန်လ ၃၀ ရက်ကလည်း လွိုင်ကော်မြို့က အမျိုးသမီး တစ်ယောက်  ကိုဗစ်အတည်ပြုပိုးတွေ့ရှိခဲ့တာကြောင့် လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ ကိုဗစ်- ၁၉ အတည်ပြုလူနာ ၃ ယောက်  ဆေးကုသမှုခံယူနေပါတယ်။

ကိုဗစ်-၁၉ ရောဂါ စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီ ၃၁ ရက်အထိ ကယားပြည်နယ်မှာ ပိုးတွေ့လူနာ ၁၁၂ ယောက်ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် တတိယလှိုင်းကာလမှာ လွိုင်ကော်ပြည်သူ့ဆေးရုံမှာ လူနာ ၃ ယောက်  ဆေးကုသမှုခံယူနေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up