မွန်ပြည်နယ်တွင် တရက်တည်း ကိုဗစ်အတည်ပြုလူနာ ၁၁ ဦး စံချိန်တင် သေဆုံး

မွန်ပြည်နယ်မှာ ဇူလိုင် ၆ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦးထိ စံချိန်တင် သေဆုံးခဲ့တယ်လို့ ကိုဗစ်အရေးကူညီနေသူတွေက ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးသူ ၁၁ ဦးမှာတော့ မော်လမြိုင်က ၈ ဦး၊ သထုံ၊ ကျိုက်ထိုနဲ့ ချောင်းဆုံမြို့နယ်က ၁ ဦးစီ စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့တာပါ။
ကိုဗစ်အတည်ပြုလူနာ တစ်ရက်တည်း ၁၁ ဦးထိ သေဆုံးတာဟာ ကိုဗစ်ရောဂါ ဖြစ်ပွားတဲ့ ကာလတွေအတွင်း မွန်ပြည်နယ်မှာ အမြင့်ဆုံးစံချိန်တင် သေဆုံးမှုလည်း ဖြစ်ပါတယ်။
ကိုဗစ်အတည်ပြုလူနာတွေ သေဆုံးမှု နေ့စဉ်နဲ့အမျှ မြင့်တက်နေမှုကို အမြန်ဆုံးအဖြေရှာ ပေးကြဖို့ ကိုဗစ်အရေးကူညီနေသူတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းထိ ကိုဗစ်အတည်ပြုလူနာ ၁၁၀၀ ကျော်ထိ ရှိလာခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၃၄ ဦးထိ ရှိလာခဲ့ပါတယ်။