မန္တလေး လူငယ်သင်တန်းကျောင်းတွင် လူငယ်တစ်ဦး သေဆုံး

မန္တလေးမြို့ လူငယ်သင်တန်းကျောင်းမှာ ဇူလိုင်လ ၉ ရက်နေ့ မနက် အစောပိုင်းက ကျောင်းသားတစ်ဦး သေဆုံးမှုဖြစ်ခဲ့ပါတယ်။
မန္တလေး လူငယ်သင်တန်းကျောင်းက လက်ခံချုပ်နှောင်ထားတဲ့ ကျောင်းသား အောင်ကျော်ထက် (ခ) အောင်ဇော်ထက် (ခ) စိုးပေဟာ ညပိုင်းက ဗိုက်နာ၊ အသက်ရှူကြပ် တာကြောင့် ဆေးရုံတင်ဖို့ လူနာတင်ကား ခေါ်နေချိန်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူဟာ စစ်ကိုင်းမြို့မရဲစခန်း (ပ) ၄၃၆/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ အမှုနဲ့ မန္တလေး လူငယ်သင်တန်းကျောင်း က လက်ခံချုပ်နှောင်ထားတာဖြစ်ပါတယ်။
အောင်ကျော်ထက် (ခ) အောင်ဇော်ထက် (ခ) စိုးပေ သေဆုံးမှုနဲ့ပတ်သက်လို့ စစ်ဆေးရာ ပြင်ပဒဏ်ရာမတွေ့ရဘဲ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ် မဟုတ် စစ်ဆေးသွားမယ်လို့ မှုခင်းမှတ်တမ်းအရ သိရပါတယ်။