close

ခင်ဦးမြို့နယ်က ပျူစောထီးအဖွဲ့ဝင်တစ်ဦး‌ကို ပစ်သတ်ခဲ့ဟု မိုးကြိုးမုန်တိုင်းအဖွဲ့ပြော

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မောင်းကျောက်တော အုန်းပင်ကုန်း ဆိုင်ဂေါင်း လမ်းသုံးခွမှာ ဇူလိုင် ၉ ရက်နေ့ မနက် ၁၀ နာရီလောက်က ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ မိုးကြိုးမုန်တိုင်းအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသူဟာ ၄၀ အရွယ် ဦးအုံးခိုင်ဖြစ်ပြီး တရုတ်ပြည်နွားကုန်ကူးသူ၊ ၂၀၁၀က မဲရုံစောင့် ရဲလုပ်ဖူးပြီး နှစ်ပေါင်းများစွာ ကျေးရွာအတွင်းသာမက ပတ်ဝန်းကျင်က နွားကူးသူတွေဆီကနေ ငွေကြေးတောင်းခံ မိုက်ကြေးခွဲဒုက္ခပေးနေသူဖြစ်ကာ ပျူစောထီးအဖွဲ့ဝင်တွေကိုလည်း စုဆောင်းနေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေနတ်ဒဏ်ရာသုံးချက်၊ ဓားဒဏ်ရာတစ်ချက်နဲ့ သေးဆုံးခဲ့တာလို့သိရပြီး ဒီနေ့လည်ပိုင်းအထိ အလောင်းလာကောက်တာမရှိသေးဘူးလို့ သိရပါတယ်။

ခင်ဦးမြို့နယ်မှာ ကျီးကန်၊ အိုင်ပေါက်ကြီး၊ နှောကုန်း၊ လောင်းရှည်၊ ကဘွက်၊ သရက်ကန်၊ ရွာသန်း၊ အုန်းပင်ကုန်းစတဲ့ ကျေးရွာတွေက ဒလန်နဲ့ပျူစောထီးအဖွဲ့ဝင် ၉ ဦးအထိ အသတ်ခံထားရတယ်လို့ သိရပါတယ်။

မိုးကြိုးမုန်တိုင်းအဖွဲ့ကို မတ်လ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့ကို အခြပြုဆောင်ရွက်နေတာလို့ အဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up