ရွှေ့ပြောင်းနေထိုင်သူများစီးနင်းလာသည့်ကား တူရကီတွင် တိမ်းမှောက်ပြီး ၁၂ ဦး သေဆုံး

အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ရွှေ့ပြောင်းနေထိုင်သူတွေကို တင်လာတဲ့ မီနီဗန်ကားတစ်စီးဟာ တူရကီနိုင်ငံအရှေ့ပိုင်းမှာ ဇူလိုင် ၁၁ ရက်က တိမ်းမှောက်ခဲ့လို့ လူ ၁၂ ယောက်ထက် မနည်း သေဆုံးပြီး တခြားလူ ၂၆ယောက် ဒဏ်ရာရတယ်လို့ ဒေသခံ အာဏာပိုင် တွေက ပြောပါတယ်။
ဗန်ပြည်နယ် မူရာဒီယေခရိုင်အတွင်း တူရကီနဲ့ အီရန် နယ်စပ်နားမှာ ကားမှောက်ခဲ့တာ ဖြစ်ပြီး ကားဟာချိုင့်ထဲ လိမ့်ဆင်းအပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ် ၂ ရပ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ကားပိုင်ရှင်ကိုတော့ ဖမ်းထားပါတယ်။
တူရကီဟာ ဥရောပကို ဖြတ်သွားဖို့ ရည်မှန်းထားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ အတွက် အဓိက ကြားခံစခန်းပါ။ အီရန်၊ အာဖဂန်နဲ့ ပါကစ္စတန်တို့က လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အီရန်နယ်စပ်ကို ဖြတ်ပြီး တူရကီနိုင်ငံထဲ ခြေကျင် ဝင်လေ့ ရှိပါတယ်။
အဲဒီနောက် အစ္စတန်ဘူလ်နဲ့ အန်ကာရာလို မြို့ကြီးတွေဆီကို ကူးတို့ယာဉ်နဲ့ ဆက်သွားလေ့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။