close

ဘောလခဲမြို့နယ်တွင် တိုက်ပွဲဖြစ်

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်ဖဲကျေးရွာအနီးက ကျွန်းပင်ကုန်းအဆင်းမှာ ကရင်နီတပ်မတော် KA၊ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF)  ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား  ဇူလိုင် ၁၆ ရက် ဒီကနေ့မွန်လွဲပိုင်းက နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က  အင်အား ၅၀ လောက်က ထားလဲကျေးရွာကနေ နန်းဖဲကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက်  ကရင်နီပူးပေါင်းတပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေး ကြောင်းနဲ့  တိုက်ပွဲကြောင့် နန်းဖမ်းကျေးရွာက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်အားကိုးပြီး အကြမ်းဖက်သောင်းကျန်းနေတဲ့ စစ်ကောင်စီ တပ်တွေကို  KNDF အနေနဲ့ အမြစ်ပြတ်တဲ့အထိ ဆက်လက် တိုက်ခိုက်တော်လှန်သွားမှာဖြစ်ပြီး စစ်ကောင်စီ တပ်တွေကို ဆန့်ကျင်တော်လှန်နေတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်း အခုရက်ပိုင်းတွေအတွင်းမှာ ကရင်နီတပ်မတော် ထိန်းချုပ်ရာဒေသ တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up