close

ကနီမြို့၌ ၂ လကျော်အတွင်း တိုက်ပွဲ ၃၀ ကျော်ဖြစ်၊ PDF ၂၇ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ဧပြီ ၁၁ ရက်မှ ဇွန် ၂၀ ရက်အထိ ရက်ပေါင်း ၇၀ အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၃၀ ကျော်ဖြစ်ပွားခဲ့ပြီး PDF ဘက်က ၂၇ ယောက် ကျဆုံးခဲ့တယ်လို့ ဇူလိုင် ၁ ရက်က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က ရက်ပေါင်း ၇၀ အတွင်း ကနီမြို့ပေါ် ၃ ရပ်ကွက်နဲ့ ရွာပေါင်း ၅၁ ရွာကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ ရွှေ၊ ငွေ၊ ဆိုင်ကယ်နဲ့ တခြားတန်ဖိုးကြီးပစ္စည်းတွေ   ဆေးဝါး  အဝတ်အထည်၊ လူသုံးကုန်ပစ္စည်းတွေအပါအဝင် နွား၊ ဆိတ်၊ ကြက်၊ ဝက် စတဲ့ အိမ်မွေး တိရစ္ဆာန်တွေကို ယူဆောင်သွားပါတယ်။

လူနေအိမ်တွေနဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးခဲ့ပြီး ကျပ်ငွေ သိန်းပေါင်းထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PDF တပ်ဖွဲ့ဝင်မဟုတ်တဲ့ ပြည်သူ ၄ ဦး အကြမ်းဖက်သတ်ဖြတ်ခံရပြီး ၃၉ ဦး ဖမ်းဆီး ထိန်းသိမ်းခံရကာ ၄၂ ဦးကိုလည်း ရိုက်နှက်စစ်ဆေးခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်များကြောင့် တောထဲထွက်ပြေးတိမ်းရှောင်ထွက်ပြေးစဉ် သွေးလွန် တုပ်ကွေးဖြစ်ပွားပြီး ဆေးကုသမှု မရတဲ့အတွက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အသက်ဆုံးရှုံး ခဲ့ရသလို ပြည်သူ ၅၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up