မြန်မာနိုင်ငံတွင် အိပ်မက်ဆိုးမက်နေရချိန်ဖြစ်ဟု အောင်လအန်ဆန်း ပြော

အခုအချိန်ဟာ မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ အိပ်မက်ဆိုးမက်နေရချိန်ဖြစ်တယ်လို့ MMA ကစားသမား One Championship ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်းက ပြောပါတယ်။
စစ်အာဏာရှင်လက်ထက် မြန်မာပြည်တွင်းမှာ ပြည်သူလူထုတွေ ATM မှာ ငွေထုတ်ဖို့ တန်းစီနေရ၊ အောက်ဆီဂျင်ရဖို့တန်းစီနေရကြရသလို သေတဲ့အခါ သုသာန်မှာ သင်္ဂြိုဟ်ဖို့တောင် တန်းစီနေရတဲ့ ပုံတွေနဲ့တကွ အောင်လအန်ဆန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
“ယခုလက်ရှိ မြန်မာနိုင်ငံကြုံတွေ့နေရတဲ့၊ အခြေအနေတွေကြောင့် ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျေးဇူးပြု၍ အားလုံးပဲ မြန်မာနိုင်ငံ အတွက် ဆုတောင်းကူညီပေးကြပါ။ ကျွန်တော်တို့အားလုံးမှာ ကြီးမားတဲ့အိပ်မက်တွေ၊ အနာဂတ်အတွက် အစီအစဉ်တွေ ကိုယ်စီရှိကြပေမယ့်၊ အခုအချိန်ကတော့ အိပ်မက်ဆိုးမက်နေရပါတယ်။”
အောင်လအန်ဆန်းဟာ လာမယ့် ဇူလိုင် ၃၀ ရက်မှာ ကျင်းပမယ့် MMA Battleground ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ဘရာဇီးလ်နိုင်ငံသား လီအန်ုရိုနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိပါတယ်။
အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့မှာ ထိုးသတ်ခဲ့တဲ့ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံကာကွယ်ပွဲမှာတော့ ပြိုင်ဘက် နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို ရှုံးနိမ့်ခဲ့ပြီး ခါးပတ်ကို လွှဲပြောင်းပေးခဲ့ရပါတယ်။
PHOTO CREDIT- AUNG LA NSANG FACEBOOK