close

ရိုက်နှက်ဖမ်းဆီးခံရသည့် ပရဟိတဆရာဝန် ဒေါက်တာကျော်ကျော်သက် မိသားစုနှင့် အဆက်အသွယ်မရ

စစ်ကောင်စီတပ်တွေရဲ့ မတရားရိုက်နှက်ဖမ်းဆီးခံရတဲ့ ပရဟိတဆရာဝန် ဒေါက်တာကျော်ကျော်သက်ကို တစ်ပတ်ပြည့်တဲ့အထိ သူ့ရဲ့မိသားစုဝင်တွေက အဆက်အသွယ်မရသေးဘူးလို့ ကျန်းမာရေး မိသားစု မန္တလေးကနေ သိရပါတယ်။

ဒေါက်တာ ကျော်ကျော်သက်ကို ဇူလိုင် ၁၃ ရက် ညအချိန်မတော်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက မတရားရိုက်နှက်ဖမ်းဆီးသွားတာဖြစ်ပြီး  ဘာကြောင့် ဖမ်းဆီးတယ် ဆိုတာနဲ့ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးပါဘူး။

ဒေါက်တာကျော်ကျော်သက်ဟာ ဆေးတက္ကသိုလ် (မန္တလေး) ရဲ့ ထူးချွန်ကျောင်းသား တစ်ဦးဖြစ်ခဲ့ပြီး ပရဟိတ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေနဲ့ ပညာဒါန လုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ခဲ့သူဖြစ်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းက ဆိုကြတယ်။

ဒါ့အပြင် ဒေါက်တာ ကျော်ကျော်သက်ဟာ ကိုဗစ်လူနာတွေကို အွန်လိုင်းကနေ ကုသပေးနေပြီး ကျောင်းသား/ကျောင်းသူတွေနဲ့တွဲကာ မြေပြင်မှာပါ အတတ်နိုင်ဆုံး ကုသပေးဖို့ ပြင်ဆင်နေတဲ့သူ လို့လည်း သိရပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုအနေနဲ့ ဒေါက်တာကျော်ကျော်သက်ကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက သူ့ကို ကာကွယ်ပေးဖို့ကို ကျန်းမာရေးမိသားစု - မန္တလေး က တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up