close

မန္တလေး အိုးဘိုထောင်တွင် စစ်တပ်အင်အား အလုံးအရင်းချထား

မန္တလေးမြို့ရှိ ဗဟိုအကျဉ်းထောင် (အိုးဘို) မှာ ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းက ထောင်တွင်းဆန္ဒပြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး စစ်တပ်အင်အား အလုံးအရင်းနဲ့ လုံခြုံရေးချထားတယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်း က သိရပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတချို့ကတော့ ထောင်တွင်းမှာ ခေတ္တဆူပူမှုဖြစ်ခဲ့ပြီး အမြန်ဆုံးပြန်ထိန်းလိုက်တဲ့ အခြေအနေဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

“စစ်တပ်ကတော့ လုံခြုံရေးအပြည့်ချထားတယ်။ ဆူတယ် မဆူဘူးဆိုတာတော့ ပြောဖို့ ခက်တယ်။” လို့ မန္တလေး အိုးဘိုထောင် မှ ထောင်ဝန်ထမ်းတစ်ဦး က ပြောပါတယ်။

ရန်ကုန်၊ အင်းစိန်ထောင်တွင်းမှာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်သံတွေ၊ သွေးသစ္စာသီချင်း သံပြိုင်ဆိုတဲ့အသံတွေ ပေါ်ထွက်ခဲ့ပါတယ်။

ဒါ့အပြင် ထောင်ထဲမှာ ဖျားနာတာတွေကို လုံလောက်တဲ့ ဆေးဝါးကုသမှုမရတာ၊ ခိုးမှု၊ မူးယစ်မှုနဲ့ တခြားရာဇဝတ်အမှုတွေကို ပြန်လွှတ်ပေးပြီးတော့  နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပုဒ်မ ၅၀၅(က) တွေကို လွှတ်မပေးတာ၊ ထောင်ထဲမှာ စည်းကမ်းတင်းကျပ်မှုများလာတာ စတဲ့အခြေအနေတွေကြောင့် ဆန္ဒပြခဲ့တာလို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up