ထိုင်းတွင်တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄,၀၀၀ ကျော်ရှိ၊ အကျဉ်းထောင်များမှ ၁၀၀၀ ကျော်ပါဝင်

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက် တည်း စံချိန်တင် ရောဂါကူးစက်မှုအသစ် ၁၄,၅၇၅ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၁၁၄ ယောက် ရှိခဲ့တယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကူးစက်မှုအသစ်တွေထဲမှာတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင်တွေက ၁,၀၇၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၇,၇၇၅ ယောက် ရှိနေခဲ့တာပါ။
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းက တော့ ၄၆၇,၇၀၇ ယောက်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၈၁၁ ယောက် ရှိလာခဲ့ပြီ ဖြစ် ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံတွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၉ သိန်းကျော်၊ သေဆုံး သူပေါင်း ၇,၀၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါ တယ်။