ဂျပန်နိုင်ငံအနီးရှိ ပိုင်နက်အငြင်းပွား ကျွန်းများပေါ်တွင် ရုရှားအထူးစီးပွားရေးဇုန် တည်ဆောက်မည်

ရုရှားအစိုးရဟာ ဂျပန်နိုင်ငံအနီးရှိ ပိုင်နက် အငြင်းပွားကျွန်းတွေပေါ်မှာ အကောက်ခွန် မကောက်ဘဲ တခြားအခွန်တွေကိုလည်း လျှော့ပေးမယ့် အထူးစီးပွားရေးဇုန်ကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင်က ဇူလိုင် ၂၆ ရက်မှာ ပြောလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ ဆိုဗီယက်ပြည်ထောင်စုက သိမ်းပိုက်ခဲ့တဲ့ ကျွန်းတွေကို ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ခုထိ ရုရှားနဲ့ ဂျပန်တို့ တရားဝင် ငြိမ်းချမ်းရေးစာချုပ် လက်မှတ် မထိုးရသေးပါဘူး။
ဂျပန်က ဒီကျွန်းတွေကို မြောက်ပိုင်းပိုင်နက်လို့ ခေါ်ပြီး ရုရှားကတော့ ကူရီယော့ ကျွန်းတွေလို့ ခေါ်ပါတယ်။
ရုရှဝန်ကြီးချုပ်ဟာ တနင်္လာနေ့မှာ ကျွန်းတွေဆီ သွားရောက်လည်ပတ်အပြီး ဒီလည်ပတ်မှုနဲ့ ပတ်သက်လို့ ရုရှားကို ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ဂျပန်အစိုးရ ထိပ်တန်းပြောခွင့်ရက ပြောပါတယ်။
ရုရှားဝန်ကြီးချုပ်ကတော့ ဒီကျွန်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရည်မှန်းတဲ့ မကြုံစဖူး စီးပွားရေး လုပ်ဆောင်ချက် အတွဲလိုက်ကို သမ္မတ ဗလာဒီမီယာပူတင်နဲ့ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။