ဂျပန်လှူသည့် ကိုဗစ်ကာကွယ်ဆေး ၃ သိန်းကျော် ကမ္ဘောဒီးယားရောက်ရှိ

ဂျပန်အစိုးရက ကမ္ဘောဒီးယားနိုင်ငံအတွက် လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca ထိုးဆေး လုံးရေ ၁ သန်းရဲ့ တစိတ်တပိုင်းဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်ပင်ကို ဇူလိုင် ၂၃ ရက်ညက ရောက်လာပါတယ်။
ANA လေကြောင်းလိုင်းက လေယာဉ်ပေါ်ကနေ သယ်လာတဲ့ ထိုးဆေးလုံးရေ ၃၃၂၀၀၀ ကို လေဆိပ်မှာ လက်ခံယူတဲ့ အခမ်းအနားကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ သူ့ရဲ့ အစိုးရ အရာရှိတွေ တက်ရောက်ခဲ့ပါတယ်။
ကျန်တဲ့ ကာကွယ်ဆေးတွေ လာမယ့်သီတင်းပတ် နည်းနည်းအတွင်း ရောက်လာမယ်လို့ ဖနွမ်ပင် အခြေစိုက် ဂျပန်သံရုံးက ပြောပါတယ်။
လှူဒါန်းထားတဲ့အထဲ ဆေးဘက် ပစ္စည်းကိရိယာတွေ၊ ဆေးရုံသုံး ပစ္စည်းတွေနဲ့ ကာကွယ်ဆေးတွေကို အေးအောင် ထားဖို့ အအေးပေးစနစ်တွေလည်း ပါပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ဦးရေဟာ တရားဝင် အတည်ပြု စာရင်းအရ ၁၁၈၈ ယောက် ရှိနေပါတယ်။