ပေါင်သန်း ၅၀ ဖြင့် တန်၊ မတန် ဘမ်ဝှိုက် သက်သေပြရန်လိုဟု ဆိုးလ်ကမ်းဘဲလ် သုံးသပ်

အာဆင်နယ်အသင်းက ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ နောက်ခံလူ ဘမ်ဝှိုက်အနေနဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်သလားဆိုတာ သက်သေပြဖို့ လိုအပ်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်က သုံးသပ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းက အင်္ဂလန် လက်ရွေးစင်နောက်ခံလူ ဘမ်ဝှိုက်ကို ပေါင်သန်း ၅ဝ နဲ့ ခေါ်ယူဖို့သဘောတူညီမှုရခဲ့ပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေတာပါ။
အသင်းနောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်ကတော့ ဘမ်ဝှိုက်အနေနဲ့ သက်သေပြစရာတွေရှိသေးတယ်လို့ သုံးသပ်ခဲ့ပါတယ်။
ဆိုးလ်ကမ်းဘဲလ်က “ပေါင်သန်း ၅၀ ဆိုတဲ့ အခြေအနေမှာရှိနေဖို့ လိုအပ်ပါတယ်။ သူ့နေရာမှာ အကောင်းဆုံးခြေစွမ်းပြဖို့ လိုအပ်ပါတယ်။ အာဆင်နယ်အသင်းက ကစားသမားတစ်ယောက်အတွက် ပေါင်သန်း ၅၀ ပေးလောက်တဲ့ အခြေအနေမဟုတ်တာကြောင့် သူ့အနေနဲ့ ပိုပြီး ကြိုးစားပြဖို့လိုပါတယ်” လို့ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ ဘမ်ဝှိုက်ဟာ ယူရိုပြိုင်ပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး မနှစ်က ရာသီမှာ ဘရိုက်တန်အတွက် ၃၆ ပွဲကစားခဲ့ပါတယ်။