မန်ယူအသင်းသားများကိုဗစ်ပိုးတွေ့သဖြင့် ပရက်စ်တန်နှင့် ခြေစမ်းပွဲကို ဖျက်သိမ်း

မန်ချက်စတာယူနိုက်တက်အသင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉ ယောက်လောက် စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပရက်စ်တန်နဲ့ ကစားမယ့်ခြေစမ်းပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဇူလိုင်၂၉ ရက်က ဘရန့်ဖို့ဒ်နဲ့ အိုးထရတ်ဖို့ဒ်ကွင်းမှာ ခြေစမ်းပွဲကစားခဲ့ပြီး နောက်တစ်နေ့မှာ ကိုဗစ်-၁၉ ပိုးရှိမရှိ စစ်ဆေးခဲ့ ကြတာပါ။
အသင်းလူစာရင်းရှိ ကစားသမားနဲ့ ဝန်ထမ်း စုစုပေါင်း ၉ ယောက်လောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့လို့ ခြေစမ်းပွဲကစားဖို့မဖြစ်နိုင်တော့ဘဲ ပရက်စ်တန်ပွဲလက်မှတ်ပွဲယူထားတဲ့ ပရိသတ်တွေကို ငွေပြန် အမ်းသွားမယ်လို့ အသင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်အသင်းဟာလည်း ဝက်စ်ဟမ်းနဲ့ ဇူလိုင် ၃၁ ရက်မှာ ခြေစမ်းပွဲကစားဖို့ရှိပြီး ယူနိုက်တက်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် ပိုးရှိမရှိ စစ်ဆေး သွားရဦးမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းသားတွေကို နေအိမ်ပြန်ပို့ထားပြီး နောက်တစ်ကြိမ် စစ်ဆေးမှုခံယူပြီးမှ လေ့ကျင့်ခန်းဆင်းဖို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့ ဆက်လက်ပြင် ဆင်မှာဖြစ်ပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် သြဂုတ်၁၄ ရက်မှာ လိဒ်ယူနိုက်တက်နဲ့ ကစားရမှာဖြစ်ပြီး နောက်ဆုံးခြေစမ်းပွဲအနေနဲ့ သြဂုတ် ၇ ရက်မှာ အဲဗာတန်နဲ့ ကစားဖို့စီ စဉ်ထားပါတယ်။