မြင်းခြံခရိုင်တွင် ကိုဗစ်အတည်ပြုလူနာ ၂၉၀၀ ကျော်နှင့် သေဆုံးသူ ၁၀၇ ဦးရှိလာ



107
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ၄ မြို့နယ်မှာ ဇူလိုင် ၃၀ ရက်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၀၆ ဦးနဲ့ သေဆုံး ၁၀၇ ဦးရှိပြီလို့ ဒေသတွင်း ပရဟိတအသင်းတွေဆီက သိရပါတယ်။
မြင်းခံမြို့နယ်မှာ အတည်ပြုလူနာ ၅၃၂ ဦးနဲ့ သေဆုံးသူ ၅၀၊ တောင်သာမြို့နယ်မှာ အတည်ပြုလူနာ ၇၂၇ ဦးနဲ့ သေဆုံးသူ ၂၀၊ ငါန်းဇွန်မြို့နယ်မှာ အတည်ပြုလူနာ ၄၃၁ ဦးနဲ့ သေဆုံးသူ ၂၀၊ နွားထိုးကြီးမြို့နယ်မှာ အတည်ပြုလူနာ ၁၂၁၆ ဦးနဲ့ သေဆုံးသူ ၁၇ ဦး ရှိပြီလို့ ဆိုပါတယ်။
မြင်းခြံခရိုင်အတွင်း နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန်မြို့နယ်တို့ကို Stay At Home သတ်မှတ်ထားတယ်လို့ သိရပါတယ်။