close

အမေရိကန်တွင် ကိုဗစ်-၁၉ ကူးစက်ခံ ကလေးများ ဆေးရုံတင်ရသည့်နှုန်း မြင့်တက်

အမေရိကန်နိုင်ငံမှာ ဇူလိုင်အစောပိုင်းကစပြီး ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကလေးဦးရေ မှန်မှန်တိုးလာပြီး အခုဆိုရင် ကလေးတွေ ဆေးရုံတင်ရနှုန်း မြင့်တက်လာတယ်လို့ တက်ဆက်ပြည်နယ် ကလေးဆေးရုံ ကလေးအထူးကုဌာန အကြီးအကဲ ဒေါက်တာ ဂျိမ်းစ် ဗာဆာလိုဗစ်ချ်က ပြောပါတယ်။

နဂိုကူးစက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အယ်လ်ဖာဗီဇမျိုးကွဲထက် ဒယ်လ်တာဗီဇမျိုးကွဲက ကလေးတွေကို ပိုပြီးကူးစက်နေပုံရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

“ဒါဟာ စတုတ္ထလှိုင်းနဲ့ ဒယ်လ်တာဗီဇမျိုးကွဲ ဆိုတာ ရှင်းနေတယ်။ ဒယ်လ်တာဗီဇမျိုးကွဲဟာ သိသမျှ ဗီဇမျိုးကွဲတွေထဲမှာ အကူးဆုံးပဲ။ ခု ကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဒယ်လ်တာ ဗီဇမျိုးကွဲ အကူးခံထားရတယ်၊ အသက် ၁၂နှစ်အောက် ကလေးတွေဟာ ကာကွယ်ဆေးထိုးတာ မခံရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

အကဲဖြတ်ဆန်းစစ်ချက်အရ ဖလော်ရီဒါပြည်နယ်မှာ ကလေး ဆေးရုံတင်နှုန်းဟာ ၈ ရက်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

“ကလေးလူနာ ဆေးရုံတင်ရနှုန်းဟာ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းထိ တိုးလာတယ်။ ကလေးတွေ ပိုနေမကောင်းဖြစ်လာသလို အထူးကြပ်မတ်ကုသဆောင် ICU မှာ ကုသဖို့လိုတဲ့ ကလေး ရာခိုင်နှုန်းလည်း ပိုများလာတယ်”လို့ ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗေလီမြို့ ဝုဖ်ဆင် ကလေးဆေးရုံက ဆေးဘက်အရာရှိချုပ် ဒေါက်တာဂျယ်ရီဘရေ့ချ်ဟမ်က ပြောပါတယ်။

တက်ဆပ်နဲ့ ဖလော်ရီဒါပြည်နယ်တွေမှာ ကျောင်းသားအများစုဟာ ဒီလကစပြီး ကျောင်းပြန်တက်ရတော့မှာပါ။

အများအပြားကတော့ ဒီသီတင်းပတ်မှာ စကျောင်းတက်နေပြီး ကျောင်းတချို့က ကျောင်းသားတွေ ပါးစပ်နှာခေါင်းစည်းတပ်ဖို့ လို၊ မလို စကားရည်လုနေဆဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up