close

ကရင်အာဇာနည်စောဘဦးကြီး၏ မွေးရပ်မြေရှိ ကျောက်တိုင်တွင် လွမ်းသူပန်းခွေချခွင့် စစ်တပ် တားမြစ်

ဒီနေ့ကျရောက်တဲ့ ၇၁ နှစ်မြောက် ကရင်အာဇာနည်နေ့မှာ ကရင်တိုင်းရင်းသားတွေရဲ့ အာဇာနည် ခေါင်းဆောင်ဖြစ်တဲ့ စောဘဦးကြီးရဲ့ မွေးရပ်မြေရှိ ကျောက်တိုင်မှာ လွမ်းသူပန်းခွေချတာကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ကော်ခိုစောဘဦးကြီးရဲ့ ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊  ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂရက်ရွာအဝင်မှာ (၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့ လွမ်းသူပန်းခွေလာရောက် ချသူတွေကို ရဲနဲ့ စစ်တပ်က ခွင့်မပြုဘဲ ရွာထိပ်ကစောင့်က ပိတ်ပင်တားဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။

" ရွာထိပ်မှာစောင့်ပိတ်ထားတာ စစ်သားရော ရဲရောပါတယ်။ ဒါကတော့ ဗမာလူမျိုးတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလို အထင်ကရအားလုံးလေးစားရတဲ့ ပုဂ္ဂိုလ်ရှိသလို ကျနော်တို့ ကရင်တွေမှာလည်း စောဘဦးကြီးရှိပါတယ်။ ဒီလိုနေ့မျိုးမှာ လွမ်းသူပန်းခွေချမရတာ မတရားတာလို့ မြင်ပါတယ်''လို့ ပြောပါတယ်။

စောဘဦးကြီးရဲ့ မွေးရပ်ဇာတိမြေက ကျောက်တိုင်မှာ လွမ်းသူပန်းခွေချခွင့်မပြုတာဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင်လုပ်တဲ့ လှည့်ကွက်ဖြစ်နိုင်တယ်လို့ ကရင်ဒေသခံတွေက ပြောပါတယ်။

စောဘဦးကြီးရဲ့ ‌ဇာတိ ဘဲဂရက်ကျေးရွာရှိ အထိမ်းအမှတ်ကျောက်တိုင်မှာ လွမ်းသူပန်းခွေချ ဂါရဝပြုခွင့်မရတာကြောင့် ကျောင်းကုန်းမြို့နယ် ၊ အနောက်စုကျေးရွာရှိ မန်းသန်းရှိန် ဘောလုံးကွင်ရှိ မန်းသန်းရှိန် အထိမ်းအမှတ်ကျောက်တိုင်မှာ ကော်ခိုစောဘဦးကြီးနဲ့တကွ ကရင်အာဇာနည်တွေအတွက်  လွမ်းသူပန်းခွေချ၊  ဂါရဝပြု၊ အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။

ကရင်အာဇာနည်ခေါင်းဆောင် ကော်ခို​စောဘဦးကြီးကို ​မြစ်ထဲမြောပစ်ကာ သင်္ဂြိုဟ်ခဲ့သလို  သူ့အတွက် ဂုဏ်ပြုဖို့ ယူလာတဲ့ ပန်းခွေတွေကို ကရင်လူငယ်တွေက မြစ်ထဲ မြောကာ ဂါရဝပြုခဲ့ကြပါတယ်။

Photo - AyeyarwaddyKarenYouth

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up