close

မြန်မာအပါအဝင် ၅ နိုင်ငံက သင်္ဘောသားများ ကိုဗစ်ကာကွယ်ဆေးရရန် အခက်ခဲဆုံးဖြစ်

ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗင်နီဇွဲလားနဲ့ လတ်ဗီးယားနိုင်ငံတွေဟာ  သင်္ဘောသားတွေ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အပြည့်အဝထိုးနှံခွင့်ရဖို့   အကြီးဆုံးမားဆုံးစိန်ခေါ်မှုနဲ့ ကြုံနေရတဲ့ ဒေသတွေဖြစ်တယ်လို့ ကမ္ဘာ့ထိပ်တန်းသင်္ဘောကုမ္ပဏီတွေက သတ်မှတ်ထားပါတယ်။

Global Maritime Forum ကနေ လုပ်ဆောင်ခဲ့တဲ့ Neptune Declaration Crew Change Indicator အတွက် အချက်အလက်တွေကို ပံ့ပိုးပေးတဲ့ ကမ္ဘာ့ငါးဖမ်းသင်္ဘောကုမ္ပဏီကြီး ဆယ်ခုက ဒီ ၅ နိုင်ငံကို ရွေးထုတ်ထားတာပါ။ 

လက်ရှိသင်္ဘောပေါ်မှာ အလုပ်လုပ်နေကြတဲ့ သင်္ဘောသား ၉၀၀၀၀ ကျော်နဲ့ ပေါင်းစပ်လုပ်ကိုင်နေတဲ့ သင်္ဘောကုမ္ပဏီ ၁၀ မှ နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ ဝန်ထမ်း ၁၅ ဒသမ ၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးထားတယ်လို့ ပြနေပါတယ်။ 

နှိုင်းယှဉ်ကြည့်ရရင် ဥရောပ၊ မြောက်အမေရိကနဲ့ အာရှက သင်္ဘောကုမ္ပဏီနိုင်ငံကြီးတွေမှာ ကိုဗစ် -၁၉  ကာကွယ်ဆေးအပြည့်အ၀ပေးထားတဲ့ဝေစုက ၅၀ ရာခိုင်နှုန်း လောက် ရှိပါတယ်။ 

သင်္ဘောသားတွေကို အဓိကလုပ်သားတွေအဖြစ် အသိအမှတ်ပြုပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ဦးစားပေး ထိုးခွင့်ပေးရမှာ ဖြစ်ကြောင်းနဲ့ ဒါဟာ သင်္ဘောသားတွေရဲ့ သာယာဝပြောရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်တွေရဲ့ လည်ပတ်မှုကို ကာကွယ်ဖို့ အဓိကသော့ချက်ပဲ” လို့ Global Maritime Forum က အဖွဲ့အစည်းဆိုင်ရာ မဟာဗျူဟာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up