close

ကိုဗစ်-၁၉ လူနာသစ် ၃၇၀၀ ကျော်တွင် တောင်ကြီးမြို့က၂၀၀ ကျော်ဖြင့် ကူးစက်မှုအများဆုံးဖြစ်

မြန်မာနိုင်ငံမှာ မနေ့က တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၃,၇၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲမှာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ပိုးတွေ့လူနာ ၂၂၄ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၂ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံ တွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို တော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ဩဂုတ် ၁၁ ရက်က ဓာတ်ခွဲနမူနာ ၁၃,၇၆၇ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၃,၇၃၉ ယောက် တွေ့ရှိခဲ့တာမို့ ပိုး တွေ့နှုန်း ၂၇ ဒသမ ၁၅ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မနေ့ကအထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၂,၄၅၂ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၄၁,၃၀၀ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် ရောဂါကူးစက်မှုနှုန်းမှာလည်း ရှမ်းပြည်နယ်က ရောဂါ ကူးစက်ခံရသူပေါင်း ၉၉၃ ယောက်နဲ့ အများဆုံးဖြစ်ပြီး သူ့နောက်မှာတော့ ပဲခူးတိုင်းဒေသကြီးက ၄၉၀ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးက ၃၆၃ ယောက်စီနဲ့ အသီးသီး ရှိနေ ပါ တယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာ ဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက် အဖြစ် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက မနေ့က ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၁၀  မြို့နယ်ကိုလည်း Stay At Home မြို့နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up